• Featured

    သုံးစွဲသူတစ်ဦးကို ၂၅ ဒေါ်လာနှုန်း Zoom ကုမ္ပဏီ လျော်ကြေးပေးရဖို့ရှိ

ပြန် claim တဲ့လူ‌ဦးရေပေါ်လိုက်ပြီး လျော်ကြေး တိုး/လျှော့ ရှိနိုင်တယ်လို့ ဆိုပါတယ်

လုံခြုံရေးနဲ့ ပုဂ္ဂိုလ်ရေးလွတ်လပ်မှုကို ချိုးဖောက်ကြောင်း စွဲဆိုထားတဲ့ တရားမမှုမှာ ထိခိုက်နစ်နာသူတွေကို လျော်ကြေးပေးမယ်လို့ Zoom က ဆိုပါတယ်။

ဒီနှစ် ဇူလိုင်မတိုင်ခင်ကတည်းက Zoom ရုပ်သံခေါ်ဆိုရေးပလက်ဖောင်း သုံးသူတွေဟာ ‌လျော်ကြေးနဲ့ အကျုံးဝင်မယ်လို့ The Verge သတင်းက ဆိုပါတယ်။ Zoom ကုမ္ပဏီအနေနဲ့ ဒေါ်လာ ၈၅ သန်းအထိ လျော်ကြေးပေးဖို့ သဘောတူလိုက်ပေမယ့် Privacy ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းချက်ထုတ်ထားပါတယ်။ Zoom ရဲ့ လျော်ကြေးကို အမေရိကန် Zoom users အုပ်စုနှစ်မျိုးနဲ့ ပေးသွားမှာပါ။

image

Photo: techspot


ပထမအုပ်စုထဲမှာ ၂၀၁၆ မတ်လကနေ ၂၀၂၁ ဇူလိုင်လအတွင်း Zoom Meetings App ကို Subscription လုပ်သူတွေကို တစ်ဦးလျှင် ၂၅ ဒေါ်လာနှုန်း ဒါမှမဟုတ် ကိုယ်သွင်းထားတဲ့ Subscription ကြေးရဲ့ ၁၅% လျော်ကြေးပေးသွားမယ်လို့ ဆိုပါတယ်။ ဒုတိယအသုတ်ထဲမှာ ၂၀၁၆ မတ်လ ၃၀ ရက်ကနေ ၂၀၂၁ ဇူလိုင် ၃၀ ရက်နေ့အတွင်း Zoom app ကို မှတ်ပုံတင် ၊ ဖွင့်လှစ် ၊ အသုံးပြု ၊ ဒေါင်းလုပ်ဆွဲထားသူတွေဟာ ၁၅ ဒေါ်လာစီ ရရှိမှာ ဖြစ်ပါတယ်။ 

The Verge သတင်းအရ Enterprise-Level အကောင့်နဲ့ အစိုးရအကောင့်ပိုင်ရှင်တွေကတော့ လျော်ကြေးနဲ့ အကျုံးဝင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ လျော်ကြေးရလိုမှုနဲ့ ကိုက်ညီတဲ့ သုံးစွဲသူတွေဟာ Zoom ရဲ့ Submit a Claim ဝက်ဘ်ဆိုက်ပေါ်မှာ လာမယ့်နှစ် မတ်လ ၅ ရက်ထက် နောက်မကျစေဘဲ တင်သွင်းရမှာ ဖြစ်ပါတယ်။ လျော်ကြေးပမာဏကတော့ တင်ထားသူဦးရေပေါ် လိုက်ပြီး အတိုးအလျှော့ရှိနိုင်တယ်လို့ လည်း ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ 

Zoom ကုမ္ပဏီကတော့ ဒေါ်လာ ၈၅ သန်းပဲ လျော်ကြေးပေးနိုင်မယ်လို့ ကြေညာထားပါတယ်။ တရားရုံးကတော့ နောက်ဆုံးအမှုကြားနာရက်ကို လာမယ့်နှစ် ဧပြီလထဲ ချိန်းဆိုထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က