• Featured

    တပွဲလုံးမှာ ဂိုးပေါက်တကြိမ်တောင်မတည့်တဲ့ မှတ်တမ်းဆိုးကို ပိုင်ဆိုင်သွားတဲ့ ရော်နယ်ဒို

အက်သလက်တီကိုနဲ့ နှစ်ကျော့လုံးမှာ ရော်နယ်ဒိုရုန်းကန်ခဲ့ရတာပါ။

ရော်နယ်ဒိုဟာ မနေ့က ကစားခဲ့တဲ့ အက်သလက်တီကိုနဲ့ ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့် ဒုတိယအကျော့ပွဲစဥ်မှာ ပြိုင်ဘက်ဂိုးပေါက်ကို တကြိမ်တောင် တည့်အောင် မကန်နိုင်ခဲ့ဘဲ ကစားသမားဘဝအတွက် မှတ်တမ်းဆိုးတခုကို ပိုင်ဆိုင်သွားခဲ့ပါတယ်။

image

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့စနေညမှာ စပါးကို ဟက်ထရစ်သွင်းယူနိုင်ခဲ့တာကြောင့် ကလပ်နဲ့နိုင်ငံတကာ ကစားသမားဘဝ သွင်းဂိုး (၈၀၇) ဂိုးရရှိခဲ့ပြီး ပရော်ဖက်ရှင်နယ်ဘောလုံးသမိုင်းတလျှောက် ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် စာရင်းဝင်ခဲ့ပါတယ်။

image

ဒါပေမယ့် အဲ့ဒီပွဲအပြီး (၃) ရက်အကြာမှာပဲ ရော်နယ်ဒိုတယောက် အခုလိုပဲ စံချိန် မှတ်တမ်းဆိုးကို ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး ဒါဟာ သူ့အတွက် ဒါမျိုးကြုံတွေ့ရတဲ့ (၃) ပွဲမြောက် ချန်ပီယံလိဂ်ပွဲစဥ်လည်းဖြစ်ခဲ့ရပါတယ်။ အက်သလက်တီကိုမက်ဒရစ် ကစားသမားတွေရဲ့ ခပ်ကြမ်းကြမ်း ကစားပုံအောက်မှာ ရော်နယ်ဒိုအပါအဝင် ယူနိုက်တက် ကစားသမားတွေ ရုန်းကန်ခဲ့ရပါတယ်။

ရော်နယ်ဒိုအနေနဲ့ ကွင်းလယ်အထိပါ ဆင်းပြီး ဘောလုံးဆယ်ယူပေးခဲ့တာဖြစ်ပြီး ပွဲကစားချိန် မိနစ် (၉၀) ပြည့်ချိန်မှာတော့ အက်သလက်တီကို ဂိုးပေါက်ကို တကြိမ်တောင် တည့်အောင် မကန်နိုင်ခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ (၂၀၀၃) နိုဝင်ဘာမှာ ကစားခဲ့တဲ့ ပင်နာသီယာကော့စ်နဲ့ယူနိုက်တက်ပွဲ၊ (၂၀၁၁) မေမှာ ကစားခဲ့တဲ့ ဘာစီလိုနာနဲ့ ရီးရဲယ်မက်ဒရစ်တို့ရဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲတွေမှာ အလားတူပဲ ပြိုင်ဘက်ဂိုးပေါက်ကို တကြိမ်တောင် တည့်မတ်အောင် မကန်သွင်းနိုင်ခဲ့ပါဘူး။

ဒါ့အပြင် ယူနိုက်တက်တို့ ချန်ပီယံလိဂ်ကပါ ထွက်ခဲ့ရတာကြောင့် ရော်နယ်ဒိုဟာ (၁၂) နှစ်တာကာလအတွင်း ဆုဖလားလက်မဲ့ဖြစ်တဲ့ ဘောလုံးရာသီတခုကို ရင်ဆိုင်ရတော့မှာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က