• တူဟယ်လ်က အပိုင်တွေပြောနေချိန်မှာ နောက်ပြောင်လို့ကောင်းနေဆဲဖြစ်တဲ့ အန်ဆယ်လော့တီ

ဘိုင်ယန်နဲ့ ရီးရဲလ် ဒီညတွေ့မှာပါ။

ရီးရဲလ်မက်ဒရစ်နည်းပြကြီး အန်ဆယ်လော့တီကတော့ ဘိုင်ယန်မြူးနစ်နည်းပြ တူဟယ်လ်ရဲ့ ပြောစကားနဲ့ပတ်သက်လို့ နောက်ပြောင်သလို ပုံစံနဲ့သာ တုံ့ပြန်ခဲ့ပါတယ်။ သူတို့နှစ်သင်းက ဒီနေ့ညမှာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့အဖြစ် ရင်ဆိုင်ကစားရမှာပါ။

image

ဒီပွဲကိုတော့ ဘိုင်ယန်မြူးနစ် အိမ်ကွင်းမှာ ကစားရမှာဖြစ်ပြီး ပရိသတ်တွေအတွက်လည်း ပွဲကြီးပွဲကောင်းတစ်ပွဲကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အတွက်လည်း ဖလားလက်မဲ့ရာသီတစ်ခုကို မဖြတ်သန်းရဖို့ အခု ချန်ပီယံလိဂ်ကသာ တစ်ခုတည်းသော ဖလားမျှော်လင့်ချက်ဖြစ်နေတာပါ။

image

ဒီပွဲမတိုင်ခင် တူဟယ်လ်က “ကျွန်တော် ဒီပွဲမှာ နာဘရီ ဂိုးသွင်းမယ်လို့ ပြောနိုင်ပါတယ်။ ဒါက ဖြစ်လာပါလိမ့်မယ်။ ကျွန်တော် ဒါကို ဘယ်လိုသိနေလဲဆိုတော့ မသိနိုင်ပါဘူး။ ဒါပေမယ့် နာဘရီ ဂိုးသွင်းပါလိမ့်မယ်” လို့ သူ့ရဲ့ ထင်မြင်ချက်၊​ ခံစားချက်ကို ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အတွက် ဒီပွဲမှာ ဆာနေး၊ နာဘရီ၊ မူဆီအာလာတို့ ပြန်လည်ကစားနိုင်ဖွယ်ရှိပြီး ဒီကစားသမားအားလုံး ရီးရဲလ်နဲ့ပွဲမတိုင်ခင် လေ့ကျင့်ခန်းဆင်းနိုင်ခဲ့ကြပါတယ်။ ဒီလိုမျိုး တူဟယ်လ်ရဲ့ ပြောစကားနဲ့ပတ်သက်လို့လည်း မီဒီယာတွေက အန်ဆယ်လော့တီကို မေးမြန်းခဲ့ကြပါတယ်။

တူဟယ်လ်ရဲ့ ပြောစကားအပေါ်မှာ အန်ဆယ်လော့တီကတော့ “ကောင်းပါပြီ။ ကျွန်တော် ပြောနိုင်တာကတော့ ဒီပွဲမှာ ဖာလန်မန်ဒီထက်စာရင် ဗီနီရှပ်စ်က​ ဂိုးသွင်းနိုင်မယ့် အခွင့်အရေးတွေ ပိုရပါလိမ့်မယ်” ဆိုပြီး အေးရာအေးကြောင်းနဲ့ အပူအပင်မရှိ ပြန်လည်တုံ့ပြန်သွားခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က