• ဝက်ဖို့ဒ်ကိုသရေမကျဘဲ အနိုင်ကန်ပြီး ရွှေကျေးလေးတို့ ချန်ပီယံလိဂ်ဝင်ခွင့် နီးစပ်လာ

အာဆင်နယ်တို့ ချန်ပီယံလိဂ်ဝင်ခွင့် ပိုမိုနီးစပ်လာခဲ့ပါပြီ။

ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အဓိကပြိုင်ဘက် ယူနိုက်တက် အဝေးကွင်းမှာ ပွဲကျပ်နေချိန် အာဆင်နယ်တို့ အပြည့်အဝအခွင့်အရေးယူနိုင်ခဲ့ပါတယ်။ ဒီပွဲအတွက် အာဆင်နယ်က ရမ်စ်ဒေးလ်၊ စီဒရစ်၊ ဘန်ဝှိုက်၊ ဂါဘရီရယ်၊ တီယာနေး၊ ပါတေး၊ ချာကာ၊ ဆာကာ၊ အိုဒီဂတ်၊ မာတီနယ်လီ၊ လာကာဇက်တို့နဲ့ ပွဲထွက်ခဲ့ပါတယ်။

image

ဒီပွဲမှာ အာဆင်နယ်ရဲ့ခြေစွမ်းက ကောင်းမွန်တဲ့ အနေအထားတရပ်မှာရှိခဲ့ပြီး အဓိကပြိုင်ဘက် ယူနိုက်တက်၊ ဝက်စ်ဟမ်း၊ စပါးတို့ထက် ပိုမိုသာလွန်တဲ့ ခြေစွမ်းကို ပြသခဲ့ပါတယ်။ ပွဲကစားချိန် (၄) မိနစ်မှာပဲ အိုဒီဂတ်က ဆာကာရဲ့ ဖန်တီးပေးမှုကတဆင့် အကောင်းဆုံး အဆုံးသတ်ကန်သွင်းပြီး အာဆင်နယ်တို့ စောစောစီးစီး ဦးဆောင်ဂိုးရခဲ့ပါတယ်။

image

အိမ်ရှင်ဝက်ဖို့ဒ်ကလည်း ဖော်စတာ၊ ကလီဗာလေ၊ ဆစ်ဆိုကို၊ ဒန်းနစ်၊ ယာအိုပတ်ဒရိုတို့နဲ့အတူ တုံ့ပြန်နိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ မထင်မှတ်ဘဲ ပွဲကစားချိန် (၁၀) မိနစ်မှာ ဝက်ဖို့ဒ်တို့ ချေပဂိုးပြန်ရခဲ့ပြီး ဟွမ်ဟာနန်ဒက်ဇ်က လှပတဲ့ နောက်ပြန်ကန်ချက်နဲ့အတူ ဝက်ဖို့ဒ်အတွက် မျှော်လင့်ချက်ရှင်သန်စေခဲ့ပါတယ်။

ဒါပေမယ့် ဒီနှစ်သင်းကြား အခွင့်အရေးဖန်တီးမှုပိုင်းနဲ့ အဆုံးသတ်ပိုင်း ကွာဟချက် ကြီးမားလွန်းခဲ့ပြီး ပထမပိုင်းမပြီးခင်မှာတင် အာဆင်နယ်တို့ ဦးဆောင်ဂိုးထပ်ရခဲ့ပါတယ်။ ဒီဂိုးကိုတော့ ဆာကာက တိုက်စစ်မှူး လာကာဇက်နဲ့ ဝမ်းတူးရိုက်ပြီး လှလှပပအဆုံးသတ်သွားခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းစပြီး သိပ်မကြာခင်မှာပဲ အာဆင်နယ်တို့ တတိယဂိုးရရှိခဲ့ပြီး အာဆင်နယ်ရဲ့ လျင်မြန်တဲ့ ကစားကွက် တည်ဆောက်ပုံကတဆင့် ရရှိခဲ့တာဖြစ်ပါတယ်။ ဒီဂိုးကိုလည်း တိုက်စစ်မှူး လာကာဇက်ရဲ့ အကောင်းဆုံးတွဲဖက်ကစားပေးမှုကတဆတင့် မာတီနယ်လီက ဧရိယာထိပ်ကနေ ကန်သွင်းသွားခဲ့တာဖြစ်ပါတယ်။

နောက်ပိုင်းမှာ ဝက်ဖို့ဒ်က ချေပဂိုးတွေရဖို့ ကြိုးစားခဲ့ပြီး ပွဲပြီးခါနီးမှာ ဆစ်ဆိုကိုက ချေပဂိုးတဂိုးသွင်းယူပေးခဲ့တာကြောင့် အာဆင်နယ်တို့ အဝေးကွင်းမှာ ၂-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ အာဆင်နယ်ဟာ ဒီနိုင်ပွဲကြောင့် ယူနိုက်တက်ထက် အဆင့် (၄) နေရာကို တက်လှမ်းနိုင်ခဲ့ပြီး ပွဲကျန်တွေရှိနေသေးတာကြောင့်လည်း ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အခြေအနေပိုကောင်းလာခဲ့ပါတယ်။ 

Share

Loading Next Article...
က္က