Wireless Charging ပါတဲ့ ပထမဆုံး Kindle သစ် Amazon ဖြန့်ချိ

၁၀ ပတ်ကြာ ဘက်ထရီအားခံမယ်လို့ ဆိုပါတယ်။

Screen Size ပိုကြီးလာပြီး ဘက်ထရီသက်တမ်းပိုခံတဲ့ Kindle Paperwhite သစ်ကို Amazon က မိတ်ဆက်လိုက်ပါတယ်။

           အသစ်မိတ်ဆက်လိုက်တဲ့ ပဉ္စမမျိုးဆက် Kindle Paperwhite Signature Edition ဟာ features သစ်တွေနဲ့ Updated ဖြစ်လာတယ်လို့ ဆိုနိုင်ပါတယ်။ Kindle Paperwhite သစ်ဟာ Kindle ထုတ်ကုန်တွေထဲမှာ ပထမဆုံး USB-C သုံးလာတဲ့ ထုတ်ကုန်လည်း ဖြစ်ပါတယ်။ ဒီအချက်အပြင် အရင်မော်ဒယ်တွေထက် ပိုကြီးတဲ့ ၆.၈ လက်မ display ၊ Qi Wireless charging နဲ့ မျက်စိညောင်းသက်သာစေမယ့် built-in backlight စနစ်တို့ ပါရှိတယ်။

image

Photo: techcrunch



           အကြီးစား E-Ink display ဟာ ကာလာ temperature ကို ချိန်ညှိမှု ပိုကောင်းလာပြီး တောက်ပမှုလည်း ပိုမြင့်လာပါတယ်။ စာလုံးတွေ ဖတ်ရရှင်းဖို့အတွက် 300ppi ရုပ်ထွက်ပါရှိသလို IPX8 waterproofing ရေစိုခံစနစ်ပါ ပါရှိပါတယ်။ ဘက်ထရီပါဝါမှာ တစ်ခါအားသွင်းထားရင် ၁၀ ပတ်အထိ အားခံမယ်လို့လည်း ဆိုပါတယ်။ အရင်မော်ဒယ်တွေရဲ့ ဘက်ထရီအားက ၆ ပတ်ပဲ ခံတာနဲ့ ယှဉ်ရင် အတော်ကြီး ဘက်ထရီအသုံးခံလာတယ်လို့ ဆိုနိုင်ပါတယ်။ နောက်တစ်ချက်အနေနဲ့ USB-C port သုံးလာတာကြောင့် အားအပြည့်သွင်းဖို့ ၂ နာရီခွဲပဲ အချိန်ယူပါတယ်။

           Signature Edition မှာဆို Wireless Charging စနစ်ပါ ပံ့ပိုးလာတာကြောင့် Kindle တွေထဲမှာ ပထမဆုံးကြိုးမဲ့အားသွင်းနည်းပညာပါတဲ့ ထုတ်ကုန်လို့လည်း ဆိုရမှာပါ။ Paperwhite ရိုးရိုးမော်ဒယ်ဟာ internal storage 8 GB နဲ့လာပြီး Signature Edition ကတော့ 32GB အထိ သုံးထားပါတယ်။ Kindle သစ်တွေဟာ အဆင့်မြှင့်ထားတဲ့ UI နဲ့လာလို့ Home Screen တွေအကြား ပြောင်းရလွယ်ကူလာတဲ့အပြင် Library မှာလည်း filter သစ်တွေ sorting option သစ်တွေနဲ့ ပိုကောင်းအောင် ပြောင်းလာပါတယ်။

           ဒီ Kindles တွေဟာ Kindle app တင်ထားတဲ့ iPhone ၊ Android ဖုန်းတွေနဲ့လည်း ချိတ်ဆက်နိုင်မှာပါ။ Kindle Paperwhite သစ်ကို ဒေါ်လာ ၁၄၀ (မြန်မာငွေ ၂ သိန်းခွဲကျော်) နဲ့ Signature Edition ကို ဒေါ်လာ ၁၉၀ (မြန်မာငွေ ၃ သိန်းခွဲ) ဈေးတွေနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။

       


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က