ဒီတစ်ခေါက်တော့ စိတ်ဖိစီးမှုများတဲ့ လုပ်ငန်းခွင်ကနေ ခဏတာအနားယူဖို့ပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေ စုံပြီး outdoor chill ချင်ရင်ပဲဖြစ်ဖြစ် ၊ မိသားစုနဲ့အတူတူ ခဏတာ အပန်းဖြေချင်လို့ပဲဖြစ်ဖြစ် သွားရောက်နိုင်မယ့် ရန်ကုန်မြို့အနီးအနားက camping resort လေးတွေကိုဖော်ပြ ပေးချင်ပါတယ်။
Tha Bar Wa CampGround

သဘာဝ Tha Bar Wa Camp Ground ကတော့ မှော်ဘီ မြောင်းတကာအကျော်နားလေးမှာတည်ရှိပါတယ်။ သဘာဝဆိုတဲ့နာမည်အတိုင်းပဲ သဘာဝပတ်ဝန်းကျင်ကိုအရှိအတိုင်းခံစားချင်တဲ့သူတွေ သွားရောက်လည်ပတ်သင်တဲ့ နေရာလေးပါ။ Camp တဲလေးတွေနဲ့ တောင်ကုန်းလေးတွေက ဆိတ်ငြိမ်တဲ့ အရသာကို ပေးစွမ်းနိုင်ပါလိမ့်မယ်။
Mother’s Village - အမေ့ရွာ
အမေ့ရွာ resort လေးကတော့ မှော်ဘီမြို့ ပန်းတစ်ပွင့်တောင်နားမှာတည်ရှိတာဖြစ်ပါတယ်။ ကျယ်ဝန်းတဲ့ resort area အပြင် သူကြီးအိမ်၊ ဆယ်အိမ်ခေါင်းအိမ်၊ ရွာသားအိမ်၊ တဲအိမ်စတဲ့ချစ်စရာအိမ်လေးတွေ ကိုလည်း လည်ပတ်ကြည့်ရှူလို့ ရပါတယ်။ camp နေရာတစ်ခုနဲ့ တစ်ခုကလည်း အရမ်းကြီးကပ်နေ တာမဟုတ်လို့ လွတ်လွတ်လပ်လပ်အနားယူလို့ ရပါတယ်။
Inn The Farm Inn The Farm
ဒီနေရာလေးကတော့အမြန်လမ်း ၃၇ မိုင်၇ ဖာလုံမှာတည်ရှိတာဖြစ်ပါတယ်။ ပဲခူးမြစ်ကမ်းနားဘေးမှာတည်ရှိပြီး camp တစ်ခုရဲ့ အနှစ်သာရတွေကို ခံစားနိုင်တဲ့ အပြင် အေးအေးဆေးဆေးငါးဖမ်းချင်တဲ့သူတွေ အတွက်လည်းအဆင်ပြေပါတယ်။
Rubber Village Campground Rubber Village Campground
မှော်ဘီမြို့နယ် ဝါးနက်ချောင်းနားမှာ တည်ရှိတဲ့ Campground လေးပါ။ ကျယ်ဝန်းလှတဲ့ရာဘာခြံကြီးထဲမှာတည်ရှိပြီး campground မှာလည်း facilities အစုံရှိပါတယ်။ သူကအခြား campground လေးလို tent လေးထဲမှာမဟုတ်ဘဲ campground ကဆောက်လုပ်ထားတဲ့ချစ်စရာတိုက်အိမ်သေးသေးလေးတွေ ထဲမှာ တည်းခိုရမှာဖြ စ်ပါတယ်။
ဒီနေရာလေးတွေကတော့ ရန်ကုန်မြို့နီးနီးနားနားမှာပဲ သဘာဝအရသာကို ခံစားပြီး စိတ်ဖိစီးမှုတွေ အဝေးကို ထွက်ပြေးချင်သူတွေအတွက် အနားယူအပန်းဖြေနိုင်တဲ့ Campground လေးတွေပဲ ဖြစ်ပါတယ်။ အချိန်မရလို့ ခရီးဝေးမသွားနိုင်တဲ့ သူတွေအတွက် အသင့်တော်ဆုံးနေရာလေးတွေပါ။
ယခု ခရီးသွားဆောင်းပါးကို Duwun နှင့် Flymya မှ ပူးပေါင်းတင်ဆက်ပါသည်။