• ရော်နယ်ဒို ဒီအသက်ဒီအရွယ်ကြီးနဲ့ ခြေစွမ်းပြနေတာ ဘာထူးဆန်းလဲဆိုတဲ့ ပတ်ဂျီဆန်

ရော်နယ်ဒိုခြေစွမ်းပြနေတဲ့အပေါ် ပတ်ဂျီဆန်က အခုလိုပဲပြောကြားလာခဲ့တာပါ။

ယူနိုက်တက်ကစားသမားဟောင်းဖြစ်တဲ့ ပတ်ဂျီဆန်က အသက် (၃၆) နှစ်အရွယ် ရော်နယ်ဒိုတယောက် ယူနိုက်တက်ကို ပြန်ရောက်လာပြီးနောက်ပိုင်း အသင်းအတွက် ခြေစွမ်းပြကစားနေတဲ့အပေါ် အသင်းဖော်ဟောင်းတယောက်အနေနဲ့ မအံ့သြမိဘူးလို့ ပြောကြားလာပါတယ်။

image

ရော်နယ်ဒိုဟာ (၂၀၀၉) မှာ ယူနိုက်တက်က ထွက်ခွာသွားပြီး ပြီးခဲ့တဲ့နွေရာသီမှာ ဂျူဗင်တပ်စ်ကနေ အိုးထရက်ဖို့ဒ်ကို ပြန်လည်ရောက်ရှိလာခဲ့တာပါ။ ရော်နယ်ဒိုဟာ အသင်းကို ပြန်လည်ရောက်ရှိလာပြီးတည်းက ယူနိုက်တက်ရဲ့ အဓိကဂိုးသွင်းရှင်ဖြစ်ခဲ့ပြီး ကစားပြီးခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဥ်တိုင်းမှာလည်း ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

image

သူ့အသက်အရွယ်အရ ပရီးမီးယားလိဂ်မှာ ရော်နယ်ဒို ရုန်းကန်ရမယ်လို့လည်းဆိုကြပေမယ့် တကယ်တမ်းမှာလည်း ရော်နယ်ဒိုက အခု နည်းပြ ရန်းနစ်ဂ်ရဲ့ နည်းစနစ်မှာပါ လိုက်လျောညီထွေဖြစ်အောင် ကစားပြနေတာပါ။ ပတ်ဂျီဆန်က “ကစားသမားတယောက် သူ့ရဲ့အကောင်းဆုံးအချိန်ကို ဖြတ်သန်းပြီးနောက် ယူနိုက်တက်ကို ပြန်လာဖို့ဆိုတာ မလွယ်ပါဘူး”

“ဒါပေမယ့် တကယ်လို့ ဖြစ်နိုင်ခဲ့ရင်လည်း ရော်နယ်ဒိုပဲရှိပါတယ်။ ကျနော် သူ့အကြောင်း မှတ်မိပါသေးတယ်။ အဝတ်လဲခန်းထဲမှာတောင် သူ့ဘေးနား ဘောလုံးတလုံး အမြဲတမ်းရှိပါတယ်။ လေ့ကျင့်ရေးကွင်းကို ပထမဆုံးရောက်တဲ့ ကစားသမား၊ နောက်ဆုံးမှ ပြန်တဲ့သူပါ။ ဒီအရာက သူဘောလုံးကို ဘယ်လောက်စိတ်အားထက်သန်လဲဆိုတဲ့ သက်သေပါ”

“နောက်ပြီး သူ့ကိုယ်သူ ပိုကောင်းအောင် ဖိအားတွေပေးတယ်၊ ကြိုးစားနေတယ်ဆိုတာကို ဒီရာသီမှာလည်း အကြိမ်ကြိမ်မြင်ခဲ့ရပါပြီ။ စပါးနဲ့ပွဲတုန်းက သူ အံ့အားသင့်စရာသွင်းဂိုးတဂိုးသွင်းခဲ့ပါတယ်။ ဒါပေမယ့် ဒါက သူ့အတွက် အကောင်းဆုံးဂိုးလို့ မပြောနိုင်ပါဘူး။ သူက ယူနိုက်တက်ကို ပြန်ရောက်လာပြီးတည်းက ထိပ်တန်းအဆင့်ရှိတဲ့ ဂိုးတွေကို သွင်းနေကျပါ”

“အသက် (၃၆) နှစ်ရှိတာတောင် သူ့ရဲ့ စွမ်းဆောင်ရည်က အံ့အားသင့်ဖို့ကောင်းတယ်လို့ လူတွေက ပြောနေကြပါတယ်။ ဒါပေမယ့် အသင်းဖော်တယောက်အနေနဲ့ ဒီမတိုင်ခင်တည်းက မြင်တွေ့ခဲ့ဖူးတာကြောင့် ဒါက သဘာဝကျတဲ့ကိစ္စပါ။ အံ့အားသင့်နေစရာ ဘာမှမရှိပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က