• ရော်နယ်ဒိုကိုဆွဲထည့်ပြီး တန်ဟက်ခ်ကို အချိန်ကိုက်ထပ်မံထိုးနှက်လာပြန်တဲ့ မော်ဂန်

မော်ဂန်ကတော့ အချိန်အခါကောင်းကို စောင့်နေခဲ့တာပါ။

ရော်နယ်ဒိုရဲ့ ပရိသတ်တစ်ယောက်အဖြစ် နာမည်ကြီးတဲ့ ပီယာ့စ်မော်ဂန်ဟာ မန်စီးတီးကို ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီး ယူနိုက်တက်နည်းပြ တန်ဟက်ခ်ကို ထပ်မံဝေဖန် လှောင်ပြောင်လာခဲ့ပါတယ်။ ဒီပွဲမှာ ယူနိုက်တက်တို့ အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာတင် သုံးဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့တာပါ။

image
ယူနိုက်တက်အနေနဲ့ မန်စီးတီးကို ပွဲအစအဆုံး ဘယ်လိုမှ မယှဉ်နိုင်ခဲ့ဘဲ ဟာလန်းရဲ့ သွင်းဂိုးနှစ်ဂိုး၊ ဖိုဒန်ရဲ့ သွင်းဂိုးတစ်ဂိုးကို ခွင့်ပြုခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ မော်ဂန်က ရော်နယ်ဒိုကိုပါ ဆွဲသွင်းပြီး ယူနိုက်တက်နည်းပြ တန်ဟက်ခ်ကို လှောင်ပြောင်သွားခဲ့တာပါ။
image
မော်ဂန်က “အခုလည်း ယူနိုက်တက်က အိမ်ကွင်းမှာ မန်စီးတီး အနိုင်ကျင့်တာကို ခံလိုက်ရပြန်ပါပြီ။ ပြန်ပြီး အသိပေးချင်တာက တန်ဟက်ခ်ဟာ ရော်နယ်ဒိုကို အသင်းကနေ မောင်းထုတ်ခဲ့ပြီး ဒီအတွက်လည်း အိပ်ရေးမပျက်ဘူးလို့ သူက ပြောခဲ့ပါသေးတယ်”
“ဒါပေမယ့် တစ်ချိန်တည်းမှာပဲ ရော်နယ်ဒိုက ကလပ်အသင်းနဲ့ နိုင်ငံအသင်းအတွက် ဒီနှစ်မှာ သွင်းဂိုး (၄၃)​ဂိုးသွင်းယူပေးထားပါတယ်။ တန်ဟက်ခ်ဆိုတဲ့ဘဲက တကယ်ကို သောက်တလွဲပါပဲ” လို့ လှောင်ပြောင်သွားခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ တန်ဟက်ခ်နဲ့ ပြဿနာတက်ပြီး ယူနိုက်တက်ကနေ ထွက်ခွာခဲ့ရတာပါ။
ဒီလိုမျိုး မထွက်ခွာခင်မှာ ရော်နယ်ဒိုက ပီယာ့စ်မော်ဂန်နဲ့ သီးသန့်အင်တာဗျူး ပြုလုပ်ကာ တန်ဟက်ခ်အပါအဝင် ယူနိုက်တက်ရဲ့ စီမံအုပ်ချုပ်မှုတွေကို လူသိရှင်ကြား ဝေဖန်ပြောကြားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ အသင်းနဲ့သူ့အကြား ဆက်ဆံရေးက ပြိုကွဲသွားခဲ့ပြီး ဆော်ဒီကလပ် အယ်လ်နာဆာကို ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က