• ယူနိုက်တက်နဲ့လီဗာပူးရဲ့ ရာသီကြိုခြေစမ်းပွဲကို ဘန်ကောက်မြို့မှာကစားဖို့အတည်ပြု

ယူနိုက်တက်က တရားဝင်ကြေညာခဲ့တာပါ။

ယူနိုက်တက်နဲ့လီဗာပူးတို့ဟာ လာမယ့်ရာသီအတွက် ရာသီကြိုခြေစမ်းပွဲအဖြစ် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ လာရောက် ကစားမှာဖြစ်တဲ့အကြောင်း ဒီကနေ့မှာပဲ တရားဝင်အတည်ပြုခဲ့ပါတယ်။ ဒီမတိုင်ခင်က ဒီနှစ်သင်းရဲ့ ပွဲစဥ် ဘန်ကောက်မှာ လာကစားမယ့်အကြောင်း သတင်းတွေထွက်ခဲ့ပေမယ့် အတည်ပြုချက် ရယူဖို့ ခက်ခဲခဲ့ပါတယ်။

image

ယူနိုက်တက်နဲ့လီဗာပူးတို့ဟာ ဇူလိုင် (၁၂) မှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ရာဇမင်္ဂလာ အားကစားကွင်းကြီးထဲမှာ ရင်ဆိုင်ကြမှာလည်းဖြစ်ပါတယ်။ ဒါဟာ ယူနိုက်တက်အတွက် (၂၀၁၃) နောက်ပိုင်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို ပထမဆုံး ပြန်လည်လာရောက်မှာလည်းဖြစ်ပါတယ်။

image

ဒါ့အပြင် ယူနိုက်တက်က လီဗာပူးနဲ့ပွဲအပြီးမှာ သြစတြေးလျနိုင်ငံကို ဆက်လက်ထွက်ခွာမှာပါ။ ဇူလိုင် (၁၅) မှာ ယူနိုက်တက်က မဲလ်ဘုန်းဗစ်ထရီ၊ ဇူလိုင် (၁၉) မှာတော့ ပရီးမီးယားလိဂ်ကလပ်အသင်းတသင်းပဲဖြစ်တဲ့ ခရစ္စတယ်ပဲလေ့စ်တို့နဲ့ သြစတြေးလျမှာ ယှဥ်ပြိုင် ကစားမှာဖြစ်ပါတယ်။

အဲ့ဒီပွဲစဥ် နှစ်ပွဲလုံးကိုတော့ MCG ကွင်းကြီးထဲမှာ ကစားမှာဖြစ်ပြီး ပရိသတ် (၁) သိန်းခွဲခန့်ကို ဆွဲဆောင်နိုင်ဖို့ မျှော်လင့်ထားကြပါတယ်။ ယူနိုက်တက်ဟာ သြစတြေးလျမှာ ပရိသတ်အခိုင်အမာရရှိထားတဲ့ အသင်းတသင်းဖြစ်ပြီး (၁၉၉၉) နောက်ပိုင်း မဲလ်ဘုန်းမှာ ပထမဆုံး ပြန်လည်ကစားမယ့်ပွဲတွေအတွက် ဒေသတွင်းမှာ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှု မြင့်တက်နေပါလိမ့်မယ်။ 

လာမယ့်ရာသီအတွက် ယူနိုက်တက်ရဲ့ တရာသီစာ လက်မှတ်တွေကို ဧပြီ (၁)၊ ဘန်ကောက်ပွဲစဥ်အတွက် လက်မှတ်ကို ဧပြီ (၂)၊ မဲလ်ဘုန်းကပွဲစဥ်နှစ်ပွဲအတွက် လက်မှတ်တွေကို ဧပြီ (၅) တို့မှာ စတင် ရောင်းချသွားမယ်လို့လည်း သိရှိရပါတယ်။ 

Share

Loading Next Article...
က္က