• ဇာတ်ပို့သရုပ်ဆောင် စလုပ်တုန်းက အမှတ်တရတွေပြောလာတဲ့ သူဇာပွင့်

ကိုယ်တိုင်ကလည်း မဆဲတတ်၊ မရိုင်းတတ်၊ နပန်းမလုံးတတ်။

သူဇာပွင့်ကတော့ စည်းကမ်းကြီးတဲ့ မိသားစုတွေကနေ မွေးဖွားလာခဲ့တာဖြစ်တဲ့အတွက် ဇာတ်ပို့အကြမ်းတွေ လုပ်တဲ့အခါမှာ အခက်အခဲတွေ ကြုံခဲ့ရပါတယ်တဲ့။

image

ဇာတ်ပို့သရုပ်ဆောင်တွေထဲမှာမှ စွာမယ်၊ ကြမ်းမယ်ဆိုတဲ့ ဇာတ်ကောင်စရိုက်ကနေ အမြဲပါတတ်တဲ့ သူဇာပွင့်ကတော့ ရန်ဖြစ်ရမယ့် အခန်းတွေမှာ ကြိုးစားအားထုတ်ခဲ့ရတဲ့ အကြောင်းတွေကို Duwun Media ကနေ ပြောပြလာပါတယ်။

‘’ ရန်ဖြစ်တဲ့အခန်းတွေက အရမ်းမောတယ်။ သာမန်နဲ့ မတူဘူူး။ ဒါပေမယ့် လူကနေ ဘယ်လောက်ပဲဖြစ်ဖြစ် မသိပေမယ့်၊ မတတ်ပေမယ့်၊ အဲဒီအလုပ်က သင်လာတဲ့ အလေ့အကျင့်လေးတွေကနေတဆင့် ပီပြင်တယ် ဆိုရာကနေစပြီးတော့ အခုဆိုရင် ဇာတ်ကြမ်းတို့၊ ဘယ်သူ့မယားဖြစ်တာ၊ ရပ်ကွက်ထဲမှာ စွာစိတို့ ရန်ဖြစ်မယ့် ကာရိုက်တာဆိုရင်တော့ သူဇာပွင့်ပဲပေါ့’’လို့ သူကဆိုပါတယ်။

Photo: Thu Zar Pwint

သူမဟာ ဇာတ်ပို့ သရုပ်ဆောင် အလုပ်ကို စတင်လုပ်လာတဲ့ အချိန်က အမှတ်တရ တွေကိုလည်း ပြန်လည်ပြောပြခဲ့ပြန်ပါသေးတယ်။

‘’ မခိုင်ကြီးနဲ့ နပန်းလုံးရမယ့်ဇာတ်ဝင်ခန်းရိုက်ရမယ်ပေါ့၊ ကိုယ်က ပဲပြုသည်၊ နပန်းလုံးရမယ်ဆိုတော့ ကိုယ်က မလုပ်တတ်ဘူး။ ကိုယ်က ရန်ဖြစ်တဲ့ အခန်းဆိုတာထက် သူငယ်ချင်း၊ တောသူတွေပဲရိုက်ခဲ့ဖူးတာဆိုတော့ ရန်ဖြစ်တဲ့ အခန်းကို စလုပ်ရမယ့် အချိန်မှာ ကိုယ့်ရဲ့ သင်ဆရာ၊ မြင်ဆရာတွေက ဒီ မင်းသား၊ မင်းသမီးကြီးတွေပဲ အကုန်လုံးက။ ဒါရိုက်တာက လိုချင်တဲ့ ပွိုင့်တစ်ခုကို ပြောလိုက်တဲ့ အချိန်မှာ ကျန်တဲ့ သူတွေက အဲဒီပွိုင့်တစ်ခုဖြစ်အောင် တက်ညီလက်ညီ ကြိုးစားကြရတာလေ’’ လို့ ဆိုပါတယ်။

Photo: Thu Zar Pwint

သူဇာပွင့်ဟာ ဇာတ်ပို့သရုပ်ဆောင်အဖြစ် ဇာတ်ကားတွေ စရိုက်တဲ့အချိန်မှာ စကားကြမ်းကြမ်းတွေကိုတောင် မပြောရဲခဲ့ဘူးလို့ ဆိုပါတယ်။ ဒါကလည်း သူမရဲ့ မိဘတွေက သွန်သင်ဆုံးမခဲ့တဲ့ အမူအကျင့်တွေနဲ့လည်း ဆိုင်တယ် ဆိုပြီးတော့အောက်တိုဘာလ ၂၈ ရက်နေ့က ဒေါ်ထားကို သွားရောက်ကန်တော့ကြရင်း ဖြေဆိုခဲ့တာပါ။

‘’ကိုယ်က ဆရာသမားဆိုရင်လည်း တကယ်ကို စည်းစနစ်ကြီးတဲ့ ဆရာသမားနဲ့တွေ့ဆုံခဲ့တယ်။ မိသားစုတွေထဲမှာလည်း မိဘတွေက ကျွေးတာမွေးတာကအစ သမီး ဒီလိုနေ၊ ဒီလိုထိုင်ပေါ့။ သူဇာပွင့်အရင်တုန်းက စောက် နဲ့တောင်မပြောဖူးဘူး။ ပြောလို့လည်းမရဘူး။ အိမ်မှာကအငယ်က အကြီးကို ပြန်ပြောပိုင်ခွင့်မရှိဘူး။ အကြီးကလည်း အငယ်ကို ပြန်မပြောရဘူး။ ဂါရဝထားရမယ်၊ လေးစားရမယ်ပေါ့’’ လို့ သူကဆိုပါတယ်။

Photo: Thu Zar Pwint

သူဇာပွင့်ကိုတော့ ဇာတ်ပို့ ဇာတ်ရံ သရုပ်ဆောင် တစ်ယောက်အဖြစ် ပရိသတ်တွေ အားပေးခဲ့ကြတာဖြစ်ပါတယ်။ သူမဟာ ဗီဒီယို ဇာတ်ကားများစွာတို့မှာလည်း ဇာတ်ပို့ သရုပ်ဆောင်တစ်ယောက်အဖြစ် ပါဝင်ခဲ့တာ တွေ့ရပါတယ်။ ခပ်စွာစွာ အမျိုးသမီး တစ်ဦးရဲ့ ကာရိုက်တာ ဆိုရင်တော့ ပရိသတ်တွေ ပို သတိထားခဲ့တဲ့ ကာရိုက်တာပဲဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Duwun on Youtube
>
Loading Next Article...
က္က