ဂျပန်နည်းစနစ်အတိုင်းကြော်ထားတဲ့အာလူးကတ်သလိတ်မျိုးပါ။

“ထူးသစ်”အားလူးကတ်သလိတ်ဆိုင်လေးကို (၂၀၂၁) ခုနှစ်က စပြီး တည်ထောင်လာခဲ့တာပါ။ ဒီဆိုင်မှာ ရနိုင်တဲ့ အာလူးကတ်သလိတ်‌‌ေတွကို‌ေတာ့ ဂျပန်နည်းစနစ်အတိုင်း ပါဝင်ပစ္စည်းတွေကို အချိုးကျထည့်ပြီး ဆီအပူချိန်ကိုပါ သေချာတိုင်းတာပြီး ကြော်တာကြောင့် တစ်မူထူးခြားပါတယ်။





ထူးသစ် အာလူးကတ်သလိတ်စတင်ဖြစ်ပေါ်လာပုံ


ကိုယ်တိုင်လုပ်စားကြည့်ရင်း အိမ်နီးချင်းတွေကိုကျွေးကြည့်ရင်းကြိုက်ကြတဲ့အတွက် သားလေးမွေးလာပြီး ၂၀၂၁ခုနှစ်မှာတော့ ထူးသစ်အာလူးကတ်သလိတ်ကြော်လုပ်ငန်းကိုစတင်တည်ထောင်ဖြစ်ခဲ့တာပါ။

“ငါတို့ရဲ့ထူးခြားဆန်းသစ်တဲ့အရသာနဲ့ထူးခြားဆန်းသစ်တဲ့သားလေးမွေးလာတဲ့ဘ၀နဲ့အသစ်အဆန်း challenges တွေကိုရည်ရွယ်ပြီး၂၀၂၁မှာတည်ထောင်ဖြစ်ခဲ့တာပါ။”လို့်ထူးသစ် အာလူးကတ်သလိတ်ပိုင်ရှင်မနှင်းပွင့်ကပြောပါတယ်။



ဘေးကင်းတဲ့စားသောက်ကုန်တွေကိုထုတ်လုပ်ရောင်းချချင်တဲ့အိမ်ရှင်မ


"ထူးသစ်" ဟာဆိုရင် အသေးစားစက်မှုလက်မှုဝန်ကြီးဌာနက လက်မှတ်အပြင်၊ အစားအစာဘေးကင်းရေး ဓာတ်ခွဲဌာနကပါ အသိအမှတ်ပြု လက်မှတ်တွေရထားတဲ့ လုပ်ငန်းတစ်ခုပါ။

ဆီပါ၀င်မှုကိုလည်းအနည်းဆုံး လျှော့ချထားပြီးမဆလာကိုလည်းလုံး၀မသုံးထားဘဲ

ငရုတ်ကောင်းနဲ့ဆားကိုအဓိကသုံးထားတာပါ။


“အဓိကကတော့ ကလေးတွေရယ်၊ အစာမာမာမစားနိုင်တဲ့လူကြီးတွေအတွက် ရည်ရွယ်ပြီး လုပ်ထားတာပါ။ အပြင်က ကြွပ်ကြွပ်မွမွလေးနဲ့အထဲကအာလူးသားအိအိလေးအရသာကိုခံစားရမှာဖြစ်ပါတယ်။”လို့မနှင်းပွင့် ကပြောပါတယ်။



ထူးသစ်ရဲ့ မီနူးလေးတွေ


အရသာအနေနဲ့ အသားအရသာနဲ့ သက်သတ်လွတ်ဆိုပြီး ၂ မျိုးရှိပြီး ကြက်သားပြားနဲ့ အာလူးချောင်းလည်း ထုတ်ပါတယ်။ productအနေနဲ့ ၃မျိုးထုတ်ထားပြီးဈေးနှုန်းလေးတွေအနေနဲ့က မကြော်ရသေးတဲ့အခဲ တစ်ဘူးကို (၅၀၀၀) ကျပ် ၀န်းကျင်နဲ့‌ ကြော်ပြီးသားတစ်ပွဲကို (၂၀၀၀)ကျပ်သာကျသင့်မှာဖြစ်လို့ဈေးနှုန်းသင့်တင့်တဲ့ဆိုင်လေးလည်းဖြစ်ပါတယ်။


“ဒီ Duwun Media ကနေကြည့်ပြီးတော့ လာအားပေး တဲ့သူ‌ေတွကိုလည်းဖိတ်‌ေခါ်ပါတယ်။ အိမ်တွင်းလုပ်ငန်းတစ်နိုင်တစ်ပိုင် စလုပ်ချင်သူတွေအတွက်လည်း သိချင်တာလေးတွေရှိရင်လည်း လာမေးပါ ၊ သိသလောက် အကုန်ပြောပြ‌ေပးပါမယ်။ ”လို့မနှင်းပွင့်ကပြောပါတယ်။ 



ဆိုင်ရဲ့တည်နေရာလေး


လိပ်စာကတော့ အမှတ် (၄၇၁)၊ နွယ်နီ (၂) လမ်း၊ (ဃ)ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်မှာပါ။အားလူးကတ်သလိတ်ကြော်ကြိုက်နှစ်သက်သူတွေအတွက်ထူးခြားဆန်းသစ်တဲ့အရသာတွေအတွက် “ထူးသစ်” ဆိုင်လေးကို ညွှန်းပေးလိုက်ပါတယ်နော်။

Share

Loading Next Article...
က္က